Subscribe

Friday, July 17, 2009

ဘာမှမရှိပါ

ဘာမှမရှိပါဘာမှမရှိပါဆိုနေမှပဲ ဆက်ဖတ်လိုလျှင်

Saturday, July 11, 2009

online movie ကြည့်ရန်

မဂ်လာပါ အလည်ရောက်ရှိလာသော ရုပ်ရှင်ကြိုက်သူငယ်ချင်းများကို ကျနော်သိသလောက် oneline ရုပ်ရှင်ကြည့်ရန် site သို့ညွှန်ပြပေးပါ့မယ်။ အဲဒီ site တွေမှာ ကိုယ့်ကြိုက်တဲ့ movie ကိုရှာပြီးကြည့်ပေတော့ဗျာ။ ဒီအောက်ပုံတွေနဲ့(သို့) rss feed ကနေ click ပြီးသွာရောက်ရှာဖွေကြည့်ရှုနိုင်ပါတယ်။ ဒီ site တွေကပေးထားတဲ့ movie link တွေတော်တော့်ကို ကောင်းပါတယ်။
ဒီ site ဟာ ကျနော်ခဏခဏ၀င်ကြည့်ဖြစ်တဲ့ site ဖြစ်ပါတယ်။ movie အသစ်တွေအမြဲတင်ပေးနေပါတယ်။
ဒီကောင်လည်း မဆိုးပါဘူးသူလည်း movie အသစ်တွေပဲတင်ထားပါတယ်။
ဒီovguide siteကြီးကတော့online movie,tv chanal,music siteစသဖြင့်ညွှန်ပြပေးတဲ့ site တစ်ခုဖြစ်ပါတယ်။
ဒီsiteလေးကမြန်မာတွေတင်ထားတဲ့blogspostလေးပါ။
ဒီကောင်ကတော့ အာရှ တရဲကားတွေပေါ့ တရဲကားကြိုက်ရင် သွားရောက်ရှာဖွေကြည့်နိုင်ပါတယ်။
ဒီ site လည်း movie အသစ်တွေအမြဲတင်ပါတယ် ဒါပေမဲ့ link တွေပဲညွန်ပေးပါတယ်
ဒီ site ကိုလည်း သွားကြည့်ပါအုံး ပုံနှင့်တကွ link တွေ ချိတ်ပေးထားပါတယ်။
ဒီကောင်ကတော့ movie အသစ်တွေရော အဟောင်းတွေရော နာမည်အလိုက် movie ထောင်ပေါင်းများစွာရှိပါတယ်။
ဆက်ဖတ်လိုလျှင်

Wednesday, April 1, 2009

ကိုးရီးယားရောက်အလုပ်သမားတစ်ယောက်

လူတိုင်းလူတိုင်းဟာကိုယ့်ဘ၀တိုးတက်ရေးအတွက် ပုံစံအမျိုးမျိုးနဲ့ရုန်ကန်လှုပ်ရှားနေကြရာမှနိုင်းငံခြားသွားပြီးအလုပ် လုပ်ကြတဲ့လူတွေ အထဲမှာကျနော်အပါဝင်ပေါ့။ ကိုးရီးယားမှာအလုပ်သွားလုပ်ဖို့ ရွှေအင်အားမှာလျှောက်တင်ထားပြီး အတော်လေးကြာမှဗီဇာကျလာပြီး2004 11 လပိုင်း 29 ရက်နေ့တွင်မြန်မာပြည်ကနေထွက်ခွာလာပြီး 30 ရက်နေ့မနက် 3 နာရီမှာကိုးရီးယားပြည်ကိုဆိုက်ရောက်လာခဲ့ပါတယ်။ ကျနော်တို့ရောက်တဲ့အချိန်က 11 လပိုင်းကုန်ပြီးဆိုတော့တော်တော်လေးအေးနေပါပြီး။inchoneလေယာဉ်ကွင်းမှာ ဘယ်သူမှလာမခေါ်လို့မနက်သုံးနာရီကနေမိုးလင်းတဲ့အထိကိုငုတ် တုတ်မေ့နေပါတယ်။ မနက်ခုနှစ်နာရီလောက်မှ ကိုအယ်ဒီဇင်နှင့်ကိုးရီးယားသား တစ်ယောက်ကရောက်ရှိ လာပြီးသင်တန်းကျောင်းကိုခေါ်သွားပါတယ်။ သင်တန်းကျောင်းဆိုတာ အလုပ်ခွင်မှာအန္တရာယ်မဖြစ် အောင် ဘယ်လိုနေထိုင်ဘယ်လို လုပ်ကိုင်ရမလဲဆိုတဲ့ သြ၀ါဒပေးတဲ့ သင်တန်းကျောင်းပါ။ အဲဒီမှာနှစ်ညသုံးရက်နေပြီးကိုယ်ကို ခေါ်တဲ့စက်ရုံကလာခေါ်သွားပါတယ်။ ကျနော်ကminsungဆိုတဲ့ စက်ရုံကစာရေးတစ်ယောက်က လာခေါ်ပါတယ်။ ကိုးရီးယားစကားကိုဘာဆိုဘာမှ မသိပဲသူနောက်ကို လိုက်သွားခဲ့ပါတယ်။ စက်ရုံရောက်ခါနီးမှာသူက အီးလိုအနည်းငယ်ရတော့ကျနော့်ကိုလှန်းပြေားပါတယ်။ စက်ရုံမှာမြန်မာလူမျိုးနှစ်ယောက်ရှိတယ်။ နာမည်က နေမျိုးရယ် သန့်ဇင်ရယ် ရှိတယ်တဲ့။ အဲဒီတော့မှကျနော်အရမ်းပျော်သွားတယ်။ သူမပြောခင်ကကျနော် စဉ်းစားနေတာပေါ့။ ဒီစက်ရုံက ကျနော့်တစ်ယောက်ထဲကိုပဲခေါ်တယ်။ ကိုယ်ကလည်းစကားလဲမတတ် ဟိုရောက်ရင်ဘယ်လိုပြေားပြီး ဘယ်လိုအလုပ် လုပ်ကြမလဲမသိ ငါတော့ဒုက္ခရောက်အုံးမှာပဲ ဆိုပြီးတွေးနေခဲ့သေးတယ်။ အခုတော့အရမ်း ကြီးစိုးရိမ်နေစရာမလိုတော့ဘူး။ ကိုယ့်ရွှေခံရှိတယ်ဆိုတော့ (နိုင်ငံခြားမှာရှိတဲ့ မြန်မာလူမျိုးကိုရွှေလို့ တင်စားခေါ်ဝေါ်ကြတယ်) စက်ရုံကိုရောက်တော့ စာရေးက ကိုယ့်ရွှေနေတဲ့အခန်းကို လိုက်ပြပြီး ကိုနေမျိုးနဲ့မိတ်ဆက်ပေးပါတယ်။ ညဆိုင်းဆင်းထားတဲ့ ကိုနေမျိုးက အိပ်နေရာကနေထပြီးကျနော့် အကြိုးအကြောင်းမေးပြီးတော့ စက်ရုံအကြောင်းကိုလည်းပြောပြပါတယ်။ စက်ရုံအကြောင်းကတော့ သတင်းကောင်းပါတယ်။ ဟီးဟီး အလုပ်ကိုနေ့ညဆင်းရမယ် လစာကတော့ လောလောဆယ်က ကိုးသိန်းခွဲရမယ် သုံးလကျော်ပြီးရင် ဆယ်သိန်း နောက်ပြီးခြောက်လကိုတစ်ကြိမ် ငါးသောင်းစီတိုးပေးသွားမယ်တဲ့။ အလုပ်ကဘာလုပ်ရတာလဲ ကျနော်ကကိုနေမျိုကိုမေးတော့ ကာမေကယ်အမှုန်တွေ စပ်ရမယ်တဲ့။ ဟာ လို့ကျနော်ဖြစ်သွားပါတယ်။ အမှုန်ကြောက်တဲ့ကျနော်က စိတ်ပျက်လက်ပျက် ဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ်လေ ဒီကိုရောက်လာမှတော့ ဘယ်အလုပ်မဆိုလုပ်ရမယ်လေး ဆိုပြီးစိတ်ကပြန်ထိန်းထားရပါတယ်။ ကိုနေမျိုးကို ဟိုမေးဒီမေးရင်းနဲ့ စာရေးကပြန်ရောက်လာပြီး သဌေးခေါ်နေတယ် ခဏသွားတွေ့လိုက်ပါအုံး။ ကိုနေမျိုး ကျနော့်ကိုခေါ်ပြီး ရုင်ခန်းကိုသွားတယ်။ ရုင်ခန်းထဲရောက်တော့ သဌေးကဟိုမေးဒီမေးပြီး ကျနော့်ကို မင်းအကှုျီချွတ်စမ်း ဟိုတ် ဘာလုပ်မလို့လဲ ကိုနေမျိုးကိုမေးတော့ မင်းဘလကိုသူကြည့်မလို့တဲ့။ ကျနော့် ဘလကလည်း တောင့်တော့သဌေးကအင်းတင်တင်နဲ့ မင်းဒီအလုပ်ကိုလုပ်နိုင်ပါ့မလား လို့မေးတော့ ကျနော်ကလည်း ဘယ်ရမလဲ ကိုယ့်ရွှေရဲ့သိက္ခာကိုဘယ်အကျခံနိုင်ပါ့မလဲ။ ကျနော်လုပ်နိုင်ပါတယ်လို့ ဖြေတော့သူက ဟုတ်ပါ့မလားကွာ လို့ပြန်မေးပါတယ်။ ကိုနေမျိုးကလည်း သူကောင်းကောင်းလုပ်နိုင်ပါတယ်။ ကိုယ်ရွှေဘက်ကို အာမခံပေးပါတယ်။ အဲဆိုလဲ လုပ်ကြည့်ပေါ့လေ ဒါဆိုသွားနားတော့ မနက်ဖြန်အလုပ်ဆင်းမယ်နော်။ ကျနော်တို့က ဟုတ်ကဲ့လုပ်ပြီး ကိုယ့်အခန်းကိုပြန်လာခဲ့ပါတယ်။ မနက်ဖြန်အလုပ်ဆင်းဖို့အတွက် ရင်တုန်စွာနဲ့အားတွေမွှေးနေတာပေါ့။ နောက်နေ့ရောက်တော့အလုပ်ခွင်ကို ဆင်းသွားခဲ့ပါတယ် အလုပ်ထဲရောက်တော့ ကိုနေမျိုးပြောတဲ့အတိုင်းပါပဲ အမှုန်တထောင်းထောင်း နဲ့လူကိုးမမြင်ရဘူး။ ကျနော်စိတ်ပျက်လက်ပျက်နဲ့ စပြီးလုပ်ပါတယ်။ ကာမီကယ်အမျိုးစားကလည်းများ စက်ကလည်း လေးငါလုံးနဲ့ အလုပ်ကိုမကျွမ်းကျင်သေးတော့ လူကအိမ်ပြန်ချင်တဲ့စိတ်တောင်းပေါက်လာတယ်။ ဒီလိုနဲ့လုပ်ရင်းလုပ်ရင်းနဲ့ အလုပ်လည်းကျွမ်းကျင်လာတာနဲ့ ပျော်သွားတာပဲ။အလုပ်သင်တန်းသားဘ၀ မှာ ဒီစက်ရုံမှာပဲသုံးနှစ်ပြည့်တဲ့အထိလုပ်ခဲ့ပါတယ်။ နှစ်နှစ်ကျော်လောက်မှာ လစာက ဆယ်နှစ်သိန်း ရရိုခဲ့တယ်။ သုံးနှစ်ပြည်ခါနီးမှာ ကျနော်ကံစဆိုးပါတယ်။ အဲဒီအချိန်က ကိုးရီးယားအဆိုးရက နိုင်ငံခြားသားတွေကို အလုပ်သင်တန်သားအနေနဲ့ မခေါ်တော့ပဲ ဝေါ့ပါမစ် အနေနဲခေါ်တော့မယ်ဆိုတဲ့ သတင်းထွက်လာပြီး ကျနော်တို့သဌေးကကျနော်ကိုခေါ်ပြေားပါတယ်။ကိုနေမျိုးကမြန်မာပြည်ကိုပြန်သွားပါပြီး။သန့်ဇင်ကတော့ ဒီစက်ရုံကနေ ပြေးသွားပြီးအခြားစက်ရုံမှာ overstay ဘ၀နဲ့ဆက်လုပ်နေပါတယ်။ သဌေးကကျနော့်ကို မင်းဒီမှာဆက်လုပ်မယ်ဆိုရင် မြန်မာပြည်ကိုခဏပြန်ပြီး သူပြန်ခေါ်မယ်လို့ပြေားပါတယ်။ ကျနော်လည်း ဆက်လုပ်မယ်လို့ပြေားထားပါတယ်။ ဒါပေမဲ့ ကျနော့်သက်တမ်းကုန်ခါနီးအထိ မြန်မာလူမျိုတွေကို သက်တမ်းပြန်တိုးဖို့ ခွင့်မပြုသေးပါဘူး။ ဒီတော့ကျနော်က ရက်စေ့တဲ့အထိကို မနေရဲတော့ပဲတခြား အို ခိုင်းတဲ့စက်ရုံတရုံကို ချိတ်လိုက်ပါတယ်။ ဆက်နေနေရင်အိမ်ပြန်အပို့ခံရမှာလေး။ အမြန်လစ်မှဆိုပြီး ပလက်စတစ်လက်အိတ်စက်ရုံတရုံမှာ ၀င်ဖို့သူငယ်ချင်းတယောက်ကိုပြေားထားပါတယ်။ သင်တန်းသားဘ၀မှာိုဆက်ရုံတစ်ရုံထည်းနဲ့ သုံးနှစ်ပြည့်အောင်လုပ်ခဲ့တယ်ဆိုတော့ အစစအရာရာအဆင်ပြေနေလိမ့်မယ်လို့ ကျနော်postကိုအားပေးနေတဲ့ မိတ်ဆွေများထင်နေပါလိမ့်မယ်။ အဲဒီလိုလဲ မဟုတ်သေးဘူးဗျ အဆင်ပြေတာလဲရှိသလို အဆင်မပြေတာလဲရှိတာပေါ့။ အဆင်မပြေတာက ကကြီးသား(ကိုးရီးယားသား) တွေဆိုးတာပါ။ ဘယ်လိုဆိုးလဲဆိုတော့ ကျနော်တို့ဒေးနိုက်ဆင်းရတာဟာ ကကြီးသားကနှစ်ယောက် ၀ဲကတစ်ယောက်(နိုင်းငံခြားသားကိုဝဲလို့ခေါ်ကြတယ်)ကိုတစ်ဖွဲ့ပေါ့။ ညပိုင်းထမင်းစားတာကို လူခွဲပြီးသွားစာကြပါတယ် ကျနော်တို့က 10 နာရီကနေ 11 ပေါ့။ ကိုယ်စားပြီးလို့ဆင်းသွားရင် ပစ္စည်းတွေကအပုံအလိုက်ကြီး သူတို့လုပ်ရမယ့်ဟာတွေ မလုပ်ပဲဒီတိုင်းသွားတာ။ ကိုယ်ကတော့ပျားစတုက်ပါပြီး ကာမေကယ်လည်း စပ်ရသူတို့အလုပ်ကိုလည်းသွားလုပ်နေရနဲ့ ဒီတိုင်းထားသွားလည်း အပျက်တွေအများကြီးထွက်ရင် မနက်သဌေးရောက်ရင် အဆဲဆိုခံရမှာလည်းပူရပြန်ရော သဌေးကိုအမှန်တိုင်း ပြောပြရင်လည်း သဌေးက ကိုယ်ဘက်ကိုပါတာမဟုတ်ဘူး။ သဌေးကိုတိုင်လိုက်လို့ နောက်ရက်အလုပ်ခွင်မှာ ကိုယ့်ကိုပညာပြတော့ပဲ။ပြီးတော့ အဲဒီလိုတိုင်းလိုက်မယ်ဆိုရင် တစ်ရုံလုံး ရှိတဲ့ကကြီးတွေက ကိုယ်ကိုမကြည်တော့ဘူး။ ဒါကြောင့် သဌေးကိုခဏခဏပြောလို့မဖြစ်ပြန် ဒါပေမဲ့ သူတို့နဲ့တော့ခဏခဏစကားများနေရတယ်။ မများပဲနေနိုင်မလားဗျာ ကိုယ်တွေကအလုပ်ကိုပင်ပင်ပန်းပန်းနဲ့ဖြဲနေရတယ်။သူတို့ကအိပ်လိုက်gameဆော့လိုက်နဲ့ပစ္စည်တွေအများကြီး ပုံလာရင်ဟိုဟာလေးကူပါအုံးဒီဟာလေးကူပါအုံး။ ဒီတော့ တခါတလေ ကိုယ်ကလည်းမလုပ်ပဲ ထားသွားခဲ့တာလဲရှိပါတယ်။ တစ်ခေါက်မှာညဆိုင်းဆင်းနေတယ်ပေါ့။ ဌာနမှုးတစ်ယောက်ကို အမြင်ကတ်လွန်းလို့ စက်ပျက်နေတာကိုရော ပစ္စည်းပုံနေတာကိုရော ထားခဲ့ပြီးထမင်းသွားစားနေပါတယ်။ သူကထမင်းစားဆောင်ကို လာပြီးဘာပြောတယ်မှတ်လဲ။ "မင်းဒီညလုံဝထမင်းမစားနဲ့ ပုံနေတဲ့ပစ္စည်းတွေကို အခုချက်ချင်းသွားလုပ်" တဲ့ အဟဲ့ ကိုယ်ကလည်းဘယ်ရမလဲ "မလုပ်ဘူးကွာ မကျေနပ်ရင် မင်း သဌေးကိုသွားတိုင်ပြီး အလုပ်ဖြုတ်လိုက်ကွာ" အဲဒီလိုကိုယ်ကဖြဲလိုက်တော့ ရှီးလ်ဖါး(ဆဲဆိုခြင်း)တွေ ဘာတွေပွစိပွစိနဲ့ ဟိုလူ့ကိုတိုင်လိုက် ဒီလူ့ကိုပြေားလိုက်နဲ့ပဲ။ သဌေးကိုတော့လုံးဝသွားမပြေားရဲဘူး သွားပြောလိုက်ရင် သဌေးကကျနော်တို့ကိုလာပြေားရင် ကျနော်တို့ကလည်း သူတို့ရဲ့ရှိသမျအကြောင်းကို ပြေားပြမှာကိုလည်းအသေ ကြောက်။ ဒီကောင်တွေက သဌေးကိုကြောက်တဲ့နေရာမှာ စံပြပါပဲ။သဌေးရှိနေရင် အလုပ်ကိုပြာပြာနဲ့ ကြိုးစားသလားတော့မမေနဲ့ ဆောင်းတွင်းနှင်းကျနေတဲ့အချိန်တောင် ချွေးထွက်အောင်လုပ်တဲ့ကောင်တွေ။ သဌေးမရှိရင်တော့ဗျာ အလုပ်ဖက်ကိုလည့်ကိုမကြည့်ပဲ ကိုယ်တွေကိုပဲ ဖိခိုင်းတော့တာပါပဲ။အဲဒီလိုနဲ့ပဲ 3 နှစ်ပြည့်အောင်လုပ်ခဲ့ရတာပဲဗျာ။ ဒါကတော့ အလုပ်သင်တန်းသားဘ၀ရဲ့အကြောင်းအနည်းငယ်ပေါ့ဗျာ။ oversaty ဘ၀ရဲ့အကြောင်း တစေ့တစောင်းကိုလည်း နောက်တွင်ဆက်လက်တင်ပြပါအုံးမယ်။ post ကိုဆုံးအောင် စိတ်ရှည်ထားပြီးဖတ်ပေးတဲ့အတွက် ကျေးဇူတင်ပါတယ်။ .......
ဆက်ဖတ်လိုလျှင်

Thursday, March 19, 2009

အကြံအညံ

ကျနော့် post တင်ထားတာတွေ link တွေပေးထားတာကို သူငယ်ချင်းတစ်ယောက်က ဖတ်ပြီးတော့ ကျနော့်ကိုအကြံတစ်ခုပေးပါတယ်။ သူပေးတဲ့အကြံက ဒီလိုဗျ "ဟေး ဘော်တာလေး မင်းပြောတော့ မင်းက computer ကိုဘာဆိုဘာမှမသိဘူးဆို အခု blog လည်းလုပ်ထားတယ် တင်ထားတဲ့ post ကလည်းလန်ထွက်နေတာပဲ။ ငါတို့အားပေးပါတယ်ကွာ ဆက်ကြိုးစားပါ။ အော်ဒါနဲ့ မင်းကိုအကြံတစ်ခုပေးမယ်" သူကဆိုပါတယ်။ ကျနော်ကတော့ ဟုတ်ပါပြီး အခုမှ blog ကိုစမ်းတ၀ါးဝါးနဲ့ရမ်းလုပ်နေတဲ့သူဆိုတော့အကြံလေးပါလေးရတာပေါ့နော် သူပေးတဲ့အကြံက .(ကျနော့်ပထမတင်ပေးထားတဲ့ post နှင့် link ကိုဖတ်ပြီးပြီးလို့ထင်ပါရဲ့)... မင်း ဓါးတစ်လက် မြင်းတစ်ကောင်ကို ယူ ပျဉ်းမနားကြပ်ပြေးကိုခရီးနှင်ပြီး အထိတ်အထိပ် တစ်ယောက် ရဲ့ လည်ကိုဖြတ် ခေါင်းကိုယူ မင်းရဲ့သခင်ကို သွားဆက်သ ပေတော့" တဲ့.. ကိုင်း..ဒီအကြံဟာ ကိုယ့်ရဲ့ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်ကိုပါ ထိခိုက်နိုင်တယ်။။ ဟီး ဟီး။။။။
ဆက်ဖတ်လိုလျှင်

Friday, March 13, 2009

ဗညာလဂွန်းအိန်ရဲ့သစ္စာ သမိန်ဗရမ်း၏ပြည်ထောင်စုစကား

ရာဇဓိရာဇ်အရေးတော်ပုံကျမ်းကိုဖတ်ပြီး ကျနော်အကြိုက်ဆုံးစာပိုဒ်နှစ်ပိုဒ်ကိုတင်ပြထားပါတယ်။ပထမအပိုဒ်ကတော့သူရဲကောင်းလဂွန်အိန်ရဲ့သစ္စာတရားဖြစ်ပါတယ်။ အင်ဝဘုရင်မင်းခေါင်သည်ဟံသာဝတီကိုစစ်အင်အားအလုံးအရင်းနဲ့ချီလာတဲ့စစ်မျက်နှာပြင်တစ်ခုတွင်ရက်ပေါင်းများစွာစစ်ခင်းနေရသောကြောင့်ရိက္ခာများအခက်အခဲတို့နှင့်ကြုံတွေ့နေရသဖြင့်ဟံသာဝတီဘုရင်ရာဇဓိရာဇ်ထံစစ်ငြိမ်းဖို့သစ္စာပြုကြရန်သမန်တော်များစေလွှတ်တော်မူသည်။ရာဇဓိရာဇ်ကသစ္စာပြုမည်ဟုဥပါယ်ဖြင့်အင်ဝစစ်ကိုအနိုင်ယူရန်ကြံစည်လေသည်။ထိုသစ္စာပြုမည့်အချိန်တွင်းတွင် အင်ဝမှသူရဲကောင်းသတိုးက"ဟယ် သွေးသောက် မင်းလည်းသူရဲကောင်း ငါလည်းသူရဲကောင်း ယခု ငါတို့ပြုကြမည့်သစ္စာသည် ဖြောင့်မှန်မည်ထင်သလော။ ဖောက်ပြန်ကြဦးမည်လား" ဟုမေး၏လဂွန်အိန်က "ဟယ် သတိုးအရူး စစ်တို့၏သဘောတွင် သစ္စာမှန်သည်သလော။ငါ့ကို နင်ရလည်းသတ်မည်။နင့်ကို ငါရလည်းသတ်မည်။စစ်အတွင်းမှာပြုသည့်သစ္စာကိုဖြောင့်မှန်သည်ဟုမင်းယုံမည်လော"ဟုဆို၏။ သတိုးသည်လဂွန်းအိန်စကားကို ကြားရပြီး မြင်စိုင်းမင်းသရေစည်သူထံသွား၍ "ယခုပြုမည့်သစ္စာသည်မမှန် မသွာနဲ့တော့"ဟုဆို၏ အင်းဝမှူးမတ်များလည်း အချင်းချင်းဟစ်၍ဆိုကြပြီးလျှင် ဆင်ဦးလှည့်ကာပြန်ကြကုန်၏ ပဲခူးမှူးမတ်များလည်း အစီအစဉ်ပျက်သဖြင့် ရာဇဓိရာဇ်ထံပြန်ကြသော် "ပသို့ကြောင့်မင်းတို့ပြန်ခဲ့ကြသနည်း"ဟုမေးတော်မူ၏ ထိုအခါ သမိန်ဗြာဇ္ဖက"သစ္စာပြုမည့်အရေးပျက်လေသောကြောင့်ပြန်ခဲ့ပါသည်"ဟုလျှောက်၏ "အစီအစဉ်ကိုမည်သူဖျက်သနည်း။မည်သူပြော၍သူတို့သိသနည်း"ဟုမေးတော်မူသည်။"သတိုးနှင့်လဂွန်းအိန်တို့တစ်တွဲဖြစ်သည်။သတိုးပြေား၍သူတို့ပြန်လှည့်သွားသည်"ဟုသမိန်ဗြာဇ္ဖလျှောက်တင်၏ "ဟယ် လဂွန်းအိန် ငါတို့၏လျှို့ဝှက်ချက်ကို ပသို့ သူတို့သိသနည်း"ဟုမေးတော်မူ၏ "ကျွန်ပ်ပြောာပြ၍ သူတို့သိရသည်"ဟု လဂွန်းအိန်ဖြေသည်။"သည်လောက်ကြီးသောအရေးကိုနင်ဖျက်တန်သလော"ဟု လွန်စွာမျက်တော်မူ၏ "လဂွန်းအိန်ကို ခြေလက်ဖြတ်၍သတ်ပစ်စေ"ဟု မိန့်၍ အဲမွန်ဒယာလက်သို့အပ်လိုက်သည်။ထိုအခါ အမတ်ဒိန်တို့က "လဂွန်းအိန်သည် ထူးချွန်သော သူရဲကောင်းဖြစ်သည်။ အရှင်မင်းကြီး၏ကျက်သရေကို တည်ဆောက်ပေးသော သူရဲကောင်းဖြစ်ပေသည်။သည်လောက်ကြီးသောရန်သူဘေးနှင့်ရင်ဆိုင်နေရစဉ် သည်လောက်ကြီးသော စစ်ပွဲသဘင်ကျင်းပစဉ် သူ့ကိုသတ်ပစ်မည်ဆိုပါက သူလိုစွမ်းပကာကြီးသော သူရဲကောင်းတစ်ယောက်ကို အစားထိုး၍မီမည်လော။ရန်သူတစ်ဖက်သားကို အားပံ့သလို မဖြစ်ချေဘူးလော"ဟု ဦးခိုက်၍လျှောက်ကြသည်။ "အခြားသူရဲကောင်းတစ်ယောက်ကို အစားထိုးလို့မမီလျှင် သူ့နေရာမှာ ငါကိုယ်တိုင် သူရဲကောင်းလုပ်မည်"ဟု မိန့်တော်မူ၏အမတ်ဒိန်တို့ကဆက်လက်၍ "အရှင်မင်းကြီးနှင့် ကျွန်ပ်တို့ကြံစည်ထားသည့်လျှို့ဝှက်ချက်ကို လဂွန်းအိန် သိထားပါလျက် သည်လောက်ကြီးသောအကြံကိုသူဖျက်သည်မှာ သူ့မှာအကြောင်းယုတ္တိတစ်ခုခုရှိလေမည်။အရှင်မင်းကြီး မျက်တော်မူစဉ်မိန့်ကြား၍ကျွန်ပ်တို့သည် အမိန့်ကိုမဆန်ဝံ့ကြသဖြင့် သူ့အားဆိုင်းငံ့ပြီးမမေရပါ။ယခုသူ့ကို ခေတ္တနုတ်ယူ၍ကျွန်ပ်တို့ စစ်ဆေးမေးမြန်းပါရစေဦးသည်မျှကြီးသောအကြံကိုသူဖျက်ရခြင်းကို ခိုင်လုံသောအကြာင်းပြချက်ဖြင့်သူခြေပနိုင်ပြီး ဥပဒေလမ်းကြောင်းနှင့်ညီလျှင် သူအသက်ကိုချမ်းသာပေးသင့်ပါသည်။အကယ်၍အကြောင်းမှန်မရှိ ဥပဒေစည်းမျဉ်းအပြင်ဘက်သို့ရောက်နေသည်ဖြစ်မူ သူ့အားကွပ်မျက်စေမည့် ရာဇဒဏ်ဖြင့်ကျွန်ပ်တိုစီရင်ပါမည်"ဟုအသနားခံ လျှောက်ကြာလေ၏ရာဇဓိရာဇ်လည်းမည်သို့မျှမဆိုဘဲတိတ်တိတ်နေတော်မူ၏သို့ဖြစ်၍ အမတ်ဒိန်က လဂွန်းအိန်အားသချိုင်းမှလိုက်ခေါ်စေ၍စစ်ဆေးမေးမြန်လေသည်"ဟယ် လဂွန်းအိန် ဧကရာဇ်မင်း၏လျှို့ဝှက်ချက်ကိုသိလျက်နှင့်ပသို့ကြောင့်မင်းဖျက်ရသနည်း။မင်းပသိုမြင်၍ သည်လိုပြုရသနည်းဟု မေး၏ လဂွန်အိန်က "သတိုးက ကျွန်ပ်ကိုမေးသည်။ယခုပြုသည့်သစ္စာမှန်ပါသလား။ထိုအခါ ကျွန်ပ်စဉ်းစားသည်။အင်ဝတပ်တွေရိက္ခာပြတ်၍ ငတ်မွတ်နေပြီး။သူတို့ပြန်လှည့်ရတော့မည်။သူတို့ဆုတ်ပြေးလျှင် ကျုပ်တို့ကတရားသဖြင့် သူ့စစ်ကိုလွယ်ကာသာ နိုင်မည်ကိုမယူ။ သစ္စာပြုဟန်ဖြင့် မဖြောင့်မမှန်လိမ်လည်လုပ်ကြံပြီမှအနိုင်ယူလိုသည်။ အောင်နိုင်သည့်ထားဦး။ ပဲခူးအမည်ကိုဖျက်`ရာဖြစ်စေသည်။ယင်းသို့ကျွန်ပ်စိတ်တွင် စဉ်းစာမိသဖြင့် ဟယ် သတိုးအရူး စစ်အတွင်းမှာပြုသည့်သစ္စာ မှန်ဖူးသည်ရှိသလောဟု ကျွန်ပ်ပြောလိုက်မှာမှန်ပါသည်။တရာနည်းလမ်းမကျသည့် အောင်မြင်မှုကို ကျွန်ပ်မနှစ်သက်၍သခင်၏လျှို့ဝှက်ချက်ကိုဖျက်ရခြင်းဖြစ်ပါသည်" ယင်းသို့ဆိုလျှင် အင်းဝစစ်ကို တရားသဖြင့်အလျှင်အမြန်နိုင်အောင် မင်းကြံဆောင်၍ဖြစ်မည်လော" ဟုသမိန်ဗြဇ္ဖမေးလေ၏ "ကျွန်ပ်တစ်ဦးတည်း ကြံ၍မဖြစ်နိုင်ပါ။ဗိုလ်မင်းနှစ်ပါး အကြံပေးညွှန်ကြားသော်ကား ကျွန်ပ်လိုက်နာဆောင်ရွက်ပါမည်"ဟု လဂွန်အိန်ဆိုသည်"ယင်းသို့မင်းဆိုလျှင်မင်းကို သူရဲလေးရာပေးမည်။မင်းကိုယ်တိုင် ဆင်စီး၍ဘုရင်မင်းခေါင်ကိုနိုင်အောင်တိုက်ရမည်"ဟု ဗိုလ်မင်းနှစ်ပါးကဆိုသည်။"ဗကမတ်ဆင်ကိုကျွန်ပ်စီး၍တိုက်လျှင် မုချနိုင်ရမည်"ဟုဆိုသည်ကိုရာဇဓိရာဇ်ကြားသော်ပြုံး၍ဗကမတ်ဆင်ကို စီးစေပြီး "သတ်ချေတော့"ဟုမိန့်လေသည်။လဂွန်အိန်လည်းအရဲစွန့်၍တိုက်သည်။ပထမအခေါက်တွင်မနိုင်ပဲပြန်ဆုတ်ခဲ့ရတယ်။ဒုတယအခေါက်မှာ ဘုရင်မင်းခေါင်၏တဲနန်းထဲကို ညတွင်းမှာ သူရဲလေးငါးယောက်ကိုခေါ်ပြီးသွားလေသည်။တဲနန်းအောက်သို့ရောက်သော် လဂွန်းအိန်သည် သူရဲတစ်ယောက်၏ပခုံးကိုနင်း၍ ဓားဖြင့်ကြမ်းကွပ်ကိုခွဲကာအထက်သို့တက်လေ၏ ဘုရင်မင်းခေါင်သည် အိပ်ပျော်နေသည်။ခုတင်ခြေရင်းတွင်ကိုယ်လုပ်မောင်းမတစ်ယောက်သည် မီးရောင်မှိန်မှိန်တွင် လဂွန်းအိန်ကိုမြင်သဖြင့်"လူ လူ ထလော့ ထလော့"ဟုဟစ်အော်သဖြင့် ဘုရင်မင်းခေါင်လည်း လန့်နိုး၍သလွန်ထက်မှ လျောကျ၏ လဂွန်းအိန်လည်း သလွန်နံဘေးမှာရှိသော ရွှေကွမ်းခွက်နှင့်လက်သုံးတော် ပတ္တမြားဓားကိုယူ၍တဲနန်တော်မှပြန်ထွက်လာလေသည်။ရရျိလာသော ရွှေကွမ်းခွက်နှင့်ပတ္တမြားဓားကိုရာဇဓိရာဇ်ထံဝင်ရောက်ဆက်သသည်။သူ့ရှင်လည်း အားရ၀မ်းသာစွာဖြစ်"ကိစ္စပြီးခဲ့၏လော"ဟု မေးတော်မူ၏"ဘုရင်မင်းခေါင်ကို သတ်ဖြတ်ရန်ကျွန်ပ်အခွင့်သာပါ၏ သိုသော် ဧကရာဇ်မင်းသတ်သော သူရဲသည် အသက်မရှည် ဘုန်းမကြီးဟု ရှေးလူကြီးများစကားရှိသည်။အရှင်မင်းကြီး၏အမှုကိုတာရှည်စွာဖြင့် ထမ်းဆောင်လိုပါ၍ ဘုရင်မင်းခေါင်ကိုမလုပ်ကြံခဲ့ခြင်းဖြစ်ပေသည်။ အပါသို့ရောက်ကြောင်းကို ထင်းရှားအောင် ရွှေကွမ်းခွက်နှင့်လက်သုံးတော်ဓားတို့ကိုသာ ကျွန်ပ်ယူခဲ့ခြင်းဖြစ်ပါသည်"ဟု လျှောက်လေပြီး သူ့ရင်လည်းလဂွန်အိန်ကို" သည်တစ်ကြိမ် မင်းအသက်ကိုငါလွှတ်သည်။မင်းအသက်ရှင်ပြီး"ဟုမိန့်တော်မူတတည်။လဂွန်အိန်လည်းနောက်စစ်မျက်နှာတစ်ခုတွင် အင်းဝအိမ်ရှေ့မင်းသား မင်းရဲကျော်စွာက ဥပါယ်ပြုပြီး လှေတစ်စီးချင်း သူရဲကောင်းများစီးချင်းတိုက်သည်ကို ရှုစားလိုပါသည်ဟု ရာဇဓိရာဇ်ထံ သမန်တော်လွှတ်လေသည်။လဂွန်အိန်က ကျွန်ပ်တာဝန်ယူ တိုက်မည်ဟုဆိုကာ ထွက်တိုက်လေသည်။ထိုပွဲတွင် အင်းဝတပ်မှ လှေတစ်စီးမဟုတ်ပဲ လှေအစီးများစွာဝင်ကူတိုက်သဖြင့် လဂွန်အိန်ကျဆုံးသွာလေသည်။သူသည် သူ့စကားနဲ့သူပင် ကျဆုံးသွာလေတတည်။(ဟယ် သတိုးအရူး စစ်အတွင်းမှာ ပြု့သည့်သစ္စာ မှန်ဖူးသည်ရှိသလော)။။။ရာဇဓိရာဇ်အရေးတော်ပုံကျမ်းအသေးစိတ်ကိုဒီ blog မှာသွားရောက် download လုပ်ယူဖတ်ရှုနိုင်ပါတယ်။အရမ်းကိုစိတ်ဝင်စားစရာကောင်းပါတယ်။မိတ်ဆွေများဖတ်ကြည့်ပါ သမိန်ဗရမ်း၏ပြည်ထောင်စုစကား
ဆက်ဖတ်လိုလျှင်

သမိန်ပရမ်း၏ပြည်ထောင်စုစကား

ဘုရင်မင်းခေါင်နှင့်ရာဇဓိရာဇ်စစ်ခင်းနေတဲ့စစ်ပွဲများအနက်တစ်ပွဲတွင်ရာဇဓိရာဇ်သည်ကံဇာတာညံ့နေ၍သားတော်ဗညာကျန်းကခမည်းတော်ထံတပ်ကိုနုတ်ဖို့လျှောက်တင်လေသည်။ရာဇဓိရာဇ်လည်းသဘောတူပြီးတပ်ကိုရေကြောင်းနဲ့နှတ်ပြီးသားတော်ဗညာကျန်းနှင့်သမိန်ပရမ်းတိုတွင်ကြည်းကြောင်းနဲ့ဆုတ်ပြီးအင်းဝတပ်တို့နှင့်ပြေးရင်ပြန်တိုက်ရင်းသမိန်ပရမ်းဆင်သည်တွင်းနက်တစ်ခုတွင်ကျသွားပြီးသမိန်ပရမ်းအဖမ်းခံရလေသည်။သမိန်ပရမ်းအဖမ်းခံရပြီးအင်ဝမှာထောင်ကျနေစဉ်တရုတ်ပြည်ကစိန့်ပြည်ဧကရာဇ်မင်းသည်သူ့၏သူရဲကောင်းဗိုလ်ကာမဏိနှင့်မြင်စီးချင်းစစ်ထိုးသည့်ပွဲကိုရှုစားလိုသဖြင့်အင်ဝပြည်ကိုစစ်ချီလာပြီးအင်းဝဘုရင်ထံဗိုလ်ကာမဏိနှင့်သူရဲကောင်းတစ်ဦးချင်းမြင်စီးချင်းတိုက်ရန်ရာဇသံ ပို့လေသည်။အင်းဝပြည်တွင်ဗိုလ်ကာမဏိနှင့်စီးချင်းတိုက်မဲ့သူရဲကောင်းရှာမ ရ၍ထောင်တွင်းကထောင်စောင့်များက"ယခုငါတို့ရွှေနန်းရှင်ဧကရာဇ်မင်း ခေါင်ကမဟာဥပရာဇာပေးမည်။နန်ထက်ဝက်ပေးမည်ဆိုသည့်တိုင်အောင် ကာမဏိကိုစစ်ထိုးဝံ့သူမရှိပါသဖြင့်ငါတို့အင်းဝပြည်ပျက်စီရတော့မည်တကား ထိုစဉ်သမိန်ဗရမ်းကြားသော်တစ်ခုစဉ်းစားလိုက်တယ်"သည်တစ်ကြိမ်တရုတ် စစ်ချီလာသည်မှာအင်အားကြီးမာလှသည်။အင်ဝမြို့သည်ပဲခူးမြို့သို့ချီရန်လမ်း စဖြစ်၏အင်ဝသည်ဟံသာဝတီ၏မုခ်ဝနှင့်လည်းတူသည်။ယခုစိန့်ပြည့်ရှင်ဧက ရာဇ်မင်းသည်သူရဲကောင်းချင်းမြင်းစီး၍စစ်ထိုးသည်ကိုရှုစားလိုသောဆန္ဒဖြင့် စစ်ချီလာခြင်းဖြစ်သည်။ကာမဏိကိုခံဝံ့သူအင်ဝတွင်မရှိပါကသူ့ဆန္ဒပြည့်ဝ မည်မဟုတ်။အင်ဝကိုရပြီးသော်ဟံသာဝတီသို့ဆက်လက်ချီတက်ပေဦးမည်။ငါ့ မှာလည်းထောင်တွင်း၌ကြာမြင့်စွာနေခဲ့ရပြီး။အင်ဝပျက်သော်ဟံသာဝတီသို့ ငါပြန်ရောက်ဖို့မရှိတော့ပြီ။သည်စစ်ကိုငါတာဝန်ယူတိုက်မှတော်တော့မည်။ တရုတ်စစ်ကိုဟံသာဝတီသို့လည်းမစုန်စေတော့ပြီ"ဟူ၍စိတ်တွင်စဉ်းစာဆင် ခြင်ပြီးထောင်စောင့်တို့အား"စိန့်ပြည်မှသူရဲကောင်းကာမဏိကိုပသိုကြောင့် ကြောက်ရမည်နည်း။သူ့မှာဥာဏ်ပညာအစွမ်းသတ္တိမည်မျှရှိသနည်း။ကောင်း ကင်ပျံနိုင်သည့်နတ်သားကိုသာငါကြောက်သည်။ဒီမြေချာတွင်ငါတို့လိုလူတစ် ယောက်သာဖြစ်သည်။သူ့အားကြောက်စရာမရှိ။သူ့ကိုနိုင်အောင်ငါတာဝန်ယူ တိုက်ဝံ့သည်"ဟုထောင်စောင့်တို့အားပြောသည်။ထို့နောက်စကားတစ်ခွန်း ထက်ပြောလိုက်သည်"ယခု ကာမဏိအားအနိုင်ယူစစ်ထိုးဖို့ငါတာဝန်ယူသည် မှာယဿပတ္တိကိုလို၍မဟုတ်။ အင်ဝနိုင်ငံကြီးတည်တံ့ခိုင်မြဲ၍ ကိတ္တိယဿ ကျော်စောခြင်းနှင့်ပြည့်စုံစေလိုသည်။ မြို့သူမြို့သားရဟန်းပုဏ်ဏားများအား ချမ်သာသုခတို့နှင့်ပြည်စုံလို၍ဖြစ်သည်"။ထိုစကားကိုထောင်စောင့်များကြားသော်ဝမ်းသာအားရစွာနဲ့အင်ဝဘုရင်ထံချက်ချင်းလျှောက်တင်လေသည်။ထိုနောက်တွင်သမိန်ဗရမ်းသည်တရုတ်သူရဲကောင်းကာမဏိကိုအနိုင်တိုက်ယူနိုင်ပြီး အင်ဝပြည်ကြီးကိုကယ်တင်လိုက်လေတတည်း။။။။။။ ဆက်ဖတ်လိုလျှင်

Tuesday, March 3, 2009

ရမ်းတမ်းတွေ့ရှိချက်

မဂ်လာပါ သူငယ်ချင်းတို့ကျနော်ရမ်းတုတ်ပြီးကလိထားတဲ့css,html codeတစ်ခုကိုအားပေးပါအုံးဗျာ။ဘာလဲဆိုတော့ကိုမျက်လုံးblogမှာရေးထားတဲ့(အခြာမှာလည်းရေးထားတာရှိပါတယ်)sideber rightတစ်ခုရှိတဲ့အနက် sideber leftနောက်တစ်ခုထက်တိုးတာကိုလေ့လာပြီးတော့sideber leftအောက်မှာနောက်တစ်ခုထက်လုပ်ချင်တဲ့စိတ်ကပေါ်လာပြီးကလိကြည့်လိုက်တော့ရသွားတယ်ဗျာ။ကျနော်ကလိလိုက်တဲ့ပုံစံကိုကြည့်လိုက်ပါအုံး။css မှာsideber left အတွက်အောက်ကcodeကိုကြည့်လိုက်ပါ။()အစား<>လို့ဖတ်ပေးပါ။ (#sidewrapper-left{ width:200px; float:left; margin:0; padding:10px 0 20px 18px; word-wrap: break-word; overflow: hidden; } ဒီcodeကိုသူ့ရဲ့အောက်မှာcopy-->pasteနောက်တစုလုပ်ပြီး#sidewrapper-leftနေရာမှာ#sidewrapper-left-underလို့ပြောင်းပေးလိုက်ပါတယ်။ပြီးရင်(body)ထဲမှာအောက်ကcodeကိုရှာပါ့မယ်။အနီပြထားတဲ့codeကိုcopyပြီး(/b:section)ရဲ့အောက်မှာpasteလုပ်ပါ့မယ်။pasteလုပ်ထားတဲ့codeကိုleftနေရာမှာleft-under, preferred=yesနေရာမှာfalseလို့ပြောင်းပေးပါ။ (/div)(!--end header-wrapper--) (div id='sidewrapper-left') (b:section class='sidebar-left' id='sidebar-left' preferred='yes') (/b:section) (div id='sidewrapper-left-under') (b:section calss='sidebar-left' id=sidebar-left-under' preferred='false'/) ပြီးရင်ဒီcode (/div)(!--end sidebar-left--)ရှာါပြီးအောက်ကပုံစံအတိုင်းပြောင်းပေးပါ။ (/div)(!--end sidebar-left--)(/div)(!--end sidebar-left-under --) အာလုံးလုပ်ပြီးရင်save templateလုပ်ကြည့်ပြီးeorrမတက်လာဘူးဆိုရင်ok ပြီးထင်ပါတယ်။layout--page elementsမှာသွားကြည့်လိုက်ပါ။add a gadget နောက်တခုပေါ်နေပါလိမ့်မယ်။ကျနော်ကအထက်ကပြထားပုံစံအတိုင်းပဲရသွားပါတယ်။သူငယ်ချင်းများစိတ်ဝင်စားရင်လုပ်ကြည်ပါ။ကံကောင်းကြပါစေ။။။ ဆက်ဖတ်လိုလျှင်

Tuesday, February 24, 2009

မီးလျှံမြေခွေးနှင့်နဘန်လုံးခြင်း

ကိုယ်လိုချင်တာတစ်ခုကိုလုပ်တော့မယ်ဆိုရင်လောလောနဲ့လုပ်တတ်တဲ့ ကျနော်အကျင့်ကြောင့်ဘယ်အရာမှလွယ်လွယ်နဲ့ပြေလည်တယ်ဆိုတာ မရှိုခဲ့ပါဘူး။အခုလဲကြည့်လေလွယ်တဲ့ဟာတစ်ခုကိုဝေးဝေးတွေးပြီးခက် တာကိုလိုက်လုပ်နေတော့ဝေးရောပေါ့။ဘာလဲဆိုတော့လွန်ခဲ့တဲ့်ရက် လောက်ကပေါ့blogတွေလိုက်ဖတ်ရင်းငယ်ငယ်ကတည်းကကြားဖူးနေတဲ့အရမ်းကိုဖတ်ချင်နေတဲ့စာအုပ်တစ်အုပ်ကိုကျနော်တို့ရဲ့ရာမညသားတွေစုပေါင်းတည်ထောင်ထားတဲ့blogတစ်ခုမှာသွားတွေ့ပါတယ်စာအုပ်ကဘာစာ အုပ်လဲဆိုတော့ဒီအောက်ကပုံနဲ့စာအုပ်ပေါ့။

နိုင်ပန်းလှရေးထားတဲ့ရာဇဓိရာဇ်အရေတော်ပုံကျမ်းပါ။ဒီစာအုပ်ဟာတစ်

ချိန်တုန်းကနာမည်အရမ်းကိုကျော်ကြားခဲ့တဲ့မွန်ဘုရင်တစ်ပါးဖြစ်တဲ့ရာ

ဇဓိရာဇ်ရဲ့အကြောင်းကိုပြုစုထားတဲ့ကျမ်းစာအုပ်တစ်အုပ်ပါ။သူငယ်ချင်းတို့

လည်းကျနော်ညွှန်ပြထားသောblogspotမှာdownloadလုပ်ပြီးဖတ်ကြည့်ပါ

လားအရမ်းစိတ်ဝင်စားဖွယ်ကောင်းသောစာအုပ်တစ်အုပ်ပါ။ကျနော်လည်းမ

ဒေါင်းရသေးပါဘူး။ဒီမီးလျှံမြေခွေးနဲ့နဘန်လုံးနေရတာနဲ့။သူတို့siteမှာမီးလျှံမြေခွေးနဲ့မှအဆင်ပြေတယ်လေ။ပထမကတော့ကျနော်IEနှင့်ကြည့်ပါတယ်စာတွေလည်းအားလုံးမပေါ်ဘူးdownladlinkလည်းမတွေ့ရဘူးမီးလျှံမြေခွေးနဲ့မှအဆင်ပြေမယ်တဲ့ဟုတ်ပြီး mozilla.com ကိုသွားပြီးလောလောနဲ့မီးလျှံမြေခွေးကိုdownloadလုပ်လိုက်ပြီးတော့ဟိုတောင်းမသွားရသေးဘူးဒီမှာမီးလျှံမြေခွေးနဲ့နဘန်လုံး

နေရပြီး။flashplayarထည့်လို့မရတာလေး။ဒါနဲ့ဟိုလှန်ကြည့်ဒီကြည့်ဟိုလိုလုပ်

်လိုက်ဒီဟာဖျက်လိုက်စက်ထဲမှာရှိသမျှplayarတွေလည်းအကုန်ထုတ်ပစ်

လိုက်ပြီးလုပ်ကြည့်တော့လဲမရသေးဘူးprogramhelpမှာသွားကြည့်တော့ဒီစာ

လေးကိုသွားတွေ့တယ်Windows Issues * Can I use Flash Player

for Internet Explorer with Mozilla?No. Flash Player for Internet

Explorer is an ActiveXcontrol, which is not supported by Mozilla.

အဲActiveX control မပါတဲ့ဟာကိုဘယ်မှာသွားရှာရပါ့မလဲငါတော့ရွှာလည်

ပါပြီး2နာရီလည်းထိုးနေပြီးမနက်ဖြန်လည်းအလုပ်ရှိသေးတယ်အဲဒီညမှာမပြီးပ

ဲအိပ်လိုက်ရတယ်။နောက်နေ့ညမှာဒီမီးလျှံမြေခွေးကိုထက်လုပ်ကြည့်အုံးမယ်

်ဆိုပြီးထက်ရှာပြန်ရောနောက်မှအကြံတစ်ခုထွတ်လာတယ်googlesearchbar

မှာဒီလိုလေးflashplayarforfirefoxရိုက်ရှာလိုက်တယ်ဒီတော့မှမီးလျှံမြေခွေး

နဲ့ပတ်သက်တဲ့flashplayarတွေတန်းစီပြီးဆင်းလာတော့တယ်။ကျနော်ဒါကို

ို Download Adobe Flash Player (Firefox, Mozilla, Netscape & Opera) free (http://www.toggle.com/lv/software/download/kl63970.htm) ရွေးပြီးဒေါင်လိုက်တော့မှအားလုံးအဆင်ပြေသွားပါတယ်ဗျာ။ ကျနော်တခုစဉ်းစားလိုက်မိတယ်တကယ်လို့များသိတဲ့သူတစ်ယောက်ကဒါကို

အဲဒီလိုလုပ်ပါလို့ညွှန်ပြပြောလိုက်မယ်ဆိုရင်ကျနော်ဒီလောက်ထိလိုက်ရှာစရာ

လည်းမလိုဘူးပင်ပန်းစရာအကြောင်းလည်းမရှိဘူး။(ကိုယ့်ကညံ့လို့ ဒီလိုပြော

ရတာလေး ဟီးဟီး)ဒီတော့ကျနော့်လိုပဲအခုမှcomputerကှိုစတင်လေ့လာတဲ့သူငယ်ချင်းတို့ရေတကယ်လို့ကျနော်ဖြစ်သလို

မျိုးကြုံတွေ့ခဲ့မယ်ဆိုရင်ကျနော်ပြထားတဲ့linkနေရာကိုသွားပြီးဒေါင်းလိုက်

ရင်သင့်ရဲ့မီးလျှံမြေခွေး(firefox)အဆင်ပြေပါလိမ့်မည်။ဆုံးအောင်ဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။။။

ဆက်ဖတ်လိုလျှင်

Friday, February 13, 2009

korea music


Get Your Own Free Hypster.com Playlist. ဆက်ဖတ်လိုလျှင်

Tuesday, February 10, 2009

korea music video

ရုပ်(video)ပေါ်အောင် music တဆိပ်အောက်က video ဆိုတဲ့စာလေးကိုနှိပ်ပါ


MusicPlaylistRingtones
Create a playlist at MixPod.com

ဆက်ဖတ်လိုလျှင်

Sunday, February 8, 2009

photo

ဒိထက်စိတ်ဝင်စားမယ်ဆိုရင်ဒီကနေ ၀င်ကြည့်ပါ
ဆက်ဖတ်လိုလျှင်

Friday, February 6, 2009

mon music


mon music ဆက်ဖတ်လိုလျှင်

Thursday, February 5, 2009

To invite blog

ိမဂ်လာပါ သူငယ်ချင်းတို့အခုကျနော်blogတစ်ခုcrate လုပ်ထားတာကိုသူငယ်ချင်းတို့ ဆီကိုမိတ်ဆက်လိုက်ပါတယ် ကောင်းလားမကောင်းလားကိုဝေဖန်ပေးပါအုံးနော် ကယ်လို့မgood ဘူးဆိုရင်အကြံလေးပါလေးပေးပါအုံး ဘယ်လိုလုပ်ရင်ကောင်း သလဲဆိုတာ...ကဲဆက်ပြီးတော့မိတ်ဆက်လိုက်ပြန်ပြီးဒီတစ်ခါတော့အ နည်းငယ်လုံလောက်ပြီးလို့ထင်ပါကျနော်ကသူငယ်ချင်းတို့ကိုအနည်းငယ် ဝေဖန်စေချင်တယ်ဘယ်နေရာမှာလိုအပ်တယ်ဆိုတာကိုလေ..အားလုံးကို ကျေးဇူးတင်ပါတယ်..... ဆက်ဖတ်လိုလျှင်

Wednesday, February 4, 2009

my e music


Get a playlist! Standalone player Get Ringtones!
ဆက်ဖတ်လိုလျှင်